登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့အသည်းရောင်ရောဂါဆိုင်ရာညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

发布:4/30/2026 阅读:3


နေပြည်တော် ဧပြီ ၂၉

ထိုင်းနိုင်ငံအစိုးရ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး H.E Mr. Pattana Promphat ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံဘန်ကောက်မြို့ Eastin Grand Hotel Phaya-thai တွင် ဧပြီ ၂၈ ရက်မှ ၃၀ ရက် အထိကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့အသည်းရောင်ရောဂါဆိုင်ရာ ညီလာခံသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

ညီလာခံသို့ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန အတွင်းဝန်များ၊ ကျန်းမာရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၊ World Hepatitis Alliance မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရှေ့တောင်အာရှနှင့် အနောက်ပစိဖိတ် ဒေသဆိုင်ရာရုံးမှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော အသည်းအထူးကု ဆေးပညာရှင်များ၊ ဧည့်သည် တော်များ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် "Elimination for Everyone,Everywhere,Right Now" ဆောင်ပုဒ်နှင့်အညီ ကျင်းပသော ယနေ့အခမ်းအနားသည် အသည်းရောင်ရောဂါ တိုက်ဖျက်ရေးတွင် မည်သူတစ်ဦး တစ်ယောက်မျှ နောက်ကျမကျန်ရစ်စေရေး မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များနှင့် လည်းများစွာ တူညီမှုရှိပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အသည်းရောင်ရောဂါ ကင်းဝေးရေးပန်းတိုင်ရရှိနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ သန္နိဋ္ဌာန်ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ အားကောင်းလာစေရေးနှင့် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage-UHC)ရရှိစေရေး အခြေခံလိုအပ်ချက်ဖြစ်သည့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေး ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ အသည်းရောင် ရောဂါကာကွယ်၊ ကုသမှုလုပ်ငန်းများတွင် အောင်မြင်တိုးတက်မှုများအနေဖြင့် အခမဲ့အသည်းရောင် ရောဂါစီပိုးကုသမှုကို ၂၀၂၅ ခုနှစ်တွင် နိုင်ငံတစ်ဝန်းပြည်သူ့ဆေးရုံ ၃၆ ရုံအထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများကို ပြည်သူလူထုနှင့် ပိုမိုနီးကပ်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အသည်းရောင်ရောဂါ ဘီကာကွယ်ဆေးကို အမျိုးသားကာကွယ်ဆေးထိုး လုပ်ငန်းအစီအစဉ်တွင် ထည့်သွင်းထားပြီး မွေးကင်းစကလေးငယ် တိုင်းအားလုံးကိုလည်း မွေးပြီးပြီးချင်း ထိုးနှံပေးလျက်ရှိပါကြောင်း၊ အမျိုးသားသွေးလှူဘဏ်နှင့် နိုင်ငံတစ်ဝန်းရှိ သွေးလှူဘဏ်များ အားလုံးတွင်လည်း ၂၀၁၂ ခုနှစ် မှစတင်၍ လုံခြုံစိတ်ချရသည့် သွေးလှူဒါန်းခြင်းဆိုင်ရာ အစီ အစဉ်ကို စနစ်တကျဆောင်ရွက်နိုင်ခဲ့ပြီး အသည်းရောင်ရောဂါ ဘီရောဂါဖြစ်ပွားမှုနှုန်းနှင့် အသည်းရောင်ရောဂါစီ ဖြစ်ပွားမှုနှုန်းများ တစ်နှစ်ထက်တစ်နှစ် သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း။

အသည်းရောင်ရောဂါ ကုသရေးဆေးဝါးများ ပြည်တွင်း၌ ထုတ်လုပ်ရေးဆောင်ရွက်လျက်ရှိပြီး မိခင်မှကလေးသို့ အသည်းရောင်ရောဂါများ မကူးစက်နိုင်ရေးကာကွယ်ရေးနှင့် ပြည်သူဗဟိုပြု ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရေး အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသည်းရောင်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ လူတိုင်း လက်လှမ်းမီစေရေး အသည်းရောင်ရောဂါဆိုင်ရာ အမျိုးသားမဟာ ဗျူဟာစီမံကိန်းချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအသည်းရောဂါ ဖောင်ဒေးရှင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း ရောဂါကာကွယ် ကုသရေးလုပ်ငန်းများအား အရှိန် အဟုန်မြှင့် တွန်းအားပေးဆောင် ရွက်လျက်ရှိပါကြောင်း၊ ညီလာခံမှတစ်ဆင့် တက်ရောက်လာကြသော နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် မိတ်ဖက် အဖွဲ့အစည်းများအားလုံး အသည်းရောင်ရောဂါ ကာကွယ်ကုသရေးအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး H.E Mr. Pattana Promphat နှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုပူးပေါင်းမြှင့်တင်ဆောင်ရွက်နိုင်ရေး သီးခြားတွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံသားများ၏ မျှော်မှန်းလူ့သက်တမ်းတိုးမြှင့် လာစေရေး၊ ပြည်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး မူဝါဒများချမှတ်၍ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများ၊ လက်ရှိပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် နှစ်နိုင်ငံနယ်စပ်ဒေသ ကျန်းမာရေးပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ ထားဝယ်ဆေးရုံ အဆင့်မြှင့်တင် ရေးစီမံကိန်းနှင့် ဆရာဝန်၊ သူနာပြုများအား လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းများ ပို့ချနိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အဆင့်မြှင့်တင်ရေးနှင့် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage- UHC) ပန်းတိုင်ရရှိရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍတွင် အပြန်အလှန်အကျိုးဖြစ်ထွန်း စေမည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们