登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

အင်ဒိုနီးရှားနိုင်ငံ၌ ရထားချင်း မတော်တဆတိုက်မိမှုကြောင့် လူ ၁၄ ဦး သေဆုံး၍ ၈၄ ဦး ဒဏ်ရာရခဲ့

发布:4/29/2026 阅读:3

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် ဘီကာစီမြို့တွင် မတော်တဆဖြစ်ပွားခဲ့သော နေရာ၌ လုပ်ငန်းဆောင်ရွက်နေသော ကူညီကယ်ဆယ်ရေးသမားများကို ၂၀၂၆ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)


အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် ဘီကာစီမြို့တွင် ဧပြီ ၂၇ ရက်က ရထားချင်း မတော်တဆတိုက်မိမှုကြောင့် လက်ရှိတွင် လူ ၁၄ ဦးသေဆုံး၍ ၈၄ ဦး ဒဏ်ရာရခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံပိုင် ရထားလုပ်ငန်းကုမ္ပဏီက ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။


ဧပြီ ၂၈ ရက် နံနက်အစောပိုင်းအထိ ဤဖြစ်ရပ်အတွင်း နိုင်ငံခြားသားများ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု မရှိသေးကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကောင်စစ်ဝန်ရုံးရေးရာဌာန၏ အချက်အလက်အရ သိရသည်။


ဧပြီ ၂၇ ရက် ညပိုင်းတွင် အဝေးပြေးရထားတစ်စင်းသည် ဘီကာစီမြို့တွင် မြို့ပတ်ရထားတစ်စင်း ရပ်တန့်ထားသော သံလမ်းအတွင်း ဝင်ရောက်မောင်းနှင်ခဲ့ရာ ထိုမြို့ပတ်ရထားနှင့် တိုက်မိခဲ့ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုအရ သိရသည်။


ဘီကာစီမြို့သည် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ အရှေ့ဘက် ကီလိုမီတာ ၂၀ ကျော်အကွာတွင် တည်ရှိပြီး ဂျကာတာမြို့၏ အရေးပါသော ဂြိုဟ်တုမြို့များအနက် တစ်ခုဖြစ်သည်။ ဤမတော်တဆဖြစ်ရပ်ကြောင့် ဂျကာတာသို့ သွားရောက်သော အဝေးပြေးရထားဝန်ဆောင်မှုကို ရပ်နားထားကြောင်း သိရသည်။ (Xinhua)


………………………..


(Chinese Version)


印尼列车相撞事故已致14死84伤


新华社雅加达4月28日电(记者高竹李斯博)印度尼西亚国家铁路公司28日说,27日晚发生在西爪哇省勿加泗市的列车相撞事故目前已造成14人死亡、84人受伤。


据印尼外交部领事司消息,截至28日凌晨,事故中暂未发现外国公民伤亡。


初步调查显示,27日晚,一列长途列车驶入勿加泗市停有一列通勤列车的轨道,与通勤列车相撞。事故原因仍在调查中。


勿加泗市位于印尼首都雅加达以东20多公里处,是雅加达重要的卫星城之一。受事故影响,往返雅加达的长途列车服务已暂停。(完)


图说:4月27日晚,在印度尼西亚西爪哇省勿加泗市,救援人员在事故现场工作。新华社发(图巴古斯摄)

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们