登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော် စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှု

发布:4/24/2026 阅读:1


နေပြည်တော် ဧပြီ ၂၃

ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် ဦးထွန်းလူ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေကြောင်းထိန်းမျှော်စင် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် မြန်မာ့မီးရထား၊ နေပြည်တော် စက်ခေါင်းသစ်တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ၌ Battery Electric Locomotive (BEL) တည်ဆောက်နေမှု၊ ဘက်ထရီလျှပ်စစ်ရထားတွဲ (Battery Electric Multiple Unit-BEMU) တည် ဆောက်နေမှုများနှင့် မေ ၁ ရက်တွင် ရန်ကုန်-မန္တလေးလမ်းပိုင်း၌ စတင်ပြေးဆွဲမည့် DEMU အမြန်ရထား များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ ရာ လေကြောင်းထိန်းမျှော်စင် တာဝန်ယူတည်ဆောက် လျက်ရှိသည့် Pioneer Aerodrome Services (PAS) ကုမ္ပဏီမှ တာဝန်ရှိသူများက လေကြောင်းထိန်း မျှော်စင် အသစ်တည်ဆောက်ရေးအတွက် မြေနေရာ ရွေးချယ်ထားမှု၊ မြေသားစမ်းသပ်ဆောင်ရွက်ထားမှု၊ တည်ဆောက်မည့် လေကြောင်းထိန်းမျှော်စင်ဒီဇိုင်းတို့ကို ရှင်းလင်းတင်ပြပြီး Bore Pile ဆောင်ရွက်နေမှုနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး မြေငလျင်ဒဏ်ခံနိုင်သည့် Structure ဒီဇိုင်းဖြစ်ကြောင်း သက်ဆိုင်ရာကော်မတီများ၏ သဘောထားမှတ်ချက်၊ စစ်ဆေးမှုကိုခံယူပြီး သတ်မှတ် စံချိန်စံညွှန်းများနှင့်ကိုက်ညီစေရေး အလေးထား ဆောင်ရွက်ရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်သည့် အင်ဂျင်နီယာများက ကြီးကြပ် ဆောင်ရွက်ရန်၊ လုပ်ငန်းအပိုင်းအလိုက် ပြီးစီးချိန်တွင် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ/ မရှိ စံချိန် စံညွှန်းစစ်ဆေးရေးနှင့် လုပ်ငန်းကြီးကြပ်ရေးကော်မတီများဖြင့် စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အသေးစိတ်မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့မီးရထား၊ နေပြည်တော်စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံသို့သွားရောက်၍ Battery Electric Locomotive တည်ဆောက်နေမှုများ၊ ဘက်ထရီလျှပ်စစ်ရထားတွဲ (BEMU) တည်ဆောက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက စက်ခေါင်း ထုတ်လုပ်တပ်ဆင်မှုလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီး ရေးဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန်၊ စက်ခေါင်းများကို သတ်မှတ်အချိန်ဇယား (Working Schedule)နှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေ ၁ ရက်တွင် ရန်ကုန်-မန္တလေး လမ်းပိုင်းတွင်စတင် ပြေးဆွဲမည့် DEMU အမြန်ရထားတွဲများကို စစ်ဆေးကြည့်ရှုပြီး ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အဆင်ပြေချောမွေ့စွာ လိုက်ပါစီးနင်းနိုင်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们