登录以查看您的控制台资源

新闻通稿 SEO营销 媒体监测

联系我们

ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာ မာဂူလန်ဘိုင်မူခန်အား ခန့်အပ်ရန်သဘောတူ

发布:4/24/2026 阅读:1


နေပြည်တော် ဧပြီ ၂၃

ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာမာဂူလန် ဘိုင်မူခန်အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီး ဖြစ်သည်။

မစ္စတာ မာဂူလန်ဘိုင်မူခန် ကို ၁၉၇၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်တွင် မွေးဖွားခဲ့ပါသည်။ ၎င်းသည် ၁၉၉၇ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်များတွင် ခရာကော်စီးပွားရေးတက္ကသိုလ်မှလည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ကနေဒါနိုင်ငံရှိ ဗန်ကူဗာတက္ကသိုလ်မှလည်းကောင်း ဘွဲ့များရရှိခဲ့ပါသည်။ မစ္စတာ ဘိုင်မူခန်သည် ၁၉၉၉ ခုနှစ်တွင် ကာဇက်စတန် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက်ခဲ့ကာ သံတမန်ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ် မှ ၂၀၁၉ ခုနှစ်အထိ ပိုလန်နိုင်ငံဆိုင်ရာ ကာဇက်စတန်သံအမတ်ကြီး အဖြစ်လည်းကောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဘယ်လ်ဂျီယံနိုင်ငံနှင့် လူဇင်ဘက်နိုင်ငံဆိုင်ရာ ကာဇက်စတန်သံအမတ်ကြီးနှင့် ဥရောပသမဂ္ဂနှင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ဆိုင်ရာ ကာဇက်စတန်အဖွဲ့ရုံး၏ အကြီးအကဲအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့အပြင် ၎င်းသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကာဇက်စတန် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၎င်းသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှစ၍ ထိုင်းနိုင်ငံဆိုင်ရာ ကာဇက်စတန် သံအမတ်ကြီးအဖြစ်နှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကော်မရှင်၏ ကာဇက်စတန်အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

မစ္စတာ မာဂူလန်ဘိုင်မူခန်သည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သားသမီးလေးဦးရှိပါသည်။

သတင်းစဉ်

传播你的梦想,是我的使命

精准触达,高效发声,让每一次发布都有回响,把专业的事,交给专业的人,助你专注核心,我们搞定传播。

微信扫一扫 立即联系我们